Friday, October 30, 2015

မတ္တရာနည်းပညာ✏အခြေခံ Mobile Hardware Service လေ့လာသူများအတွက် Digital Multi Meter အသုံးပြုနည်း စာအုပ်✏

အခြေခံ Mobile Hardware Service လေ့လာသူများအတွက် Digital Multi Meter အသုံးပြုနည်းဖြစ် ပါတယ်။ Digital Multi Meter တစ်လုံးမှာ တိုင်းတာလို့ရတဲ့ယေဘူယျစနစ်တွေကတော့
AC Voltage
DC Voltage
AC Current
DC Current
Risistance
Diode
Capacitor (n F)
Temperature (ံC)
Continuity Measurement ( အစိတ်အပိုင်းတစ်ခုနှင့်တစ်ခု အဆက်အသွယ် ရှိမရှိတိုင်း၊ Circuit လမ်းကြောင်းပြတ်မပြတ် တိုင်းတာခြင်း စသည့်စနစ်တွေကို တိုင်းတာသော အခါ ကောင်းမွန်ပါက တတီတီ နှင့် အသံမြည် အချက်ပြသောစနစ် (Buzzer Alarm)
Battery Test အစရှိသည်တို့ဖြစ်ပါသည်။
(မှတ်ချက်။ ။ဖော်ပြပါ ယေဘူယျ အချက်များတွင်ပဲ မိမိ အသုံးပြုသော မီတာ အမျိုးအစား၊ မော်ဒယ်လ် ကို လိုက်ကာ အနည်းငယ် ကွဲလွဲနိုင်ပါသည်။)
အပြည့်စုံကို PDF ဖိုင် စာအုပ်တအုပ်အဖြစ် အောက်ကလင့်မှာ Download ယူလိုက်ပါ။


:-)အားလုံးအဆင်ပြေပါစေ:-)
      
                     


လေ့လာလိုသူများအတွတ်သာ

Tuesday, October 27, 2015

Android Device တွေမှာ တော်တော် ဒုက္ခပေးနေတဲ့ Monkey Test အပါအဝင် Ghost Push Virus တွေကို အမြစ်ပြတ်ရှင်းပေးမယ့် Ghost Push Killer

Android Device တွေမှာ တော်တော် ဒုက္ခပေးနေတဲ့ Monkey Test အပါအဝင် Ghost Push Virus တွေကို အမြစ်ပြတ်ရှင်းပေးမယ့် Ghost Push Killer 1.7 ထွက်လာပါပြီ.. MPPG က ကိုဖြိုးညီညီ ရေးသားထားတာဖြစ်ပါတယ်.. အရင် ဗားရှင်းတွေထက်ပိုမို ပြည့်စုံကောင်းမွန်ပါတယ်..
"အရင် version တွေမှာ busybox install လုပ်တာ မပါ ပါဘူး
busybox မသွင်းထားတဲ့ဖုန်းဆို Virus မသေပဲဖြစ်နေပါလိမ့်မယ်
ခု busybox ကို တိုက်ရိုက် install လုပ်ပီးမှ RUN တာမလို့
100% အလုပ်လုပ်နိုင်ပါလိမ့်မယ်
Firmware ပြန်တင်တာတောင် မသေတဲ့ Virus ကို သတ်ပေးပါလိမ့်မယ်
အရင်ဒေါင်းထားတာတွေအကုန်လွှင့်ပစ်လိုက်ပါ" ဆိုပြီး ကိုဖြိုးညီညီက ရေးသားထားပါတယ်..

Windows PC နဲ့ သုံးရမှာဖြစ်ပါတယ်..

Madaya နည်းပညာ

https://my.pcloud.com/publink/show?code=XZTqIHZ7uM1gYhCQ5QUBehzFpmryz7M4gQX

Friday, March 13, 2015

Samsung ဖုန်းတွေ ကို  ( Odin>> ကနေ  Firmware တင်နည်း

Samsung ဖုန်းတွေ ကို  ( Odin>> ကနေ  Firmware တင်နည်း ကို မသိသေးတဲ့ ဘော်ဒါတွေ အတွက် ပြန်လည် မျှဝေပါတယ်.....အရင်ဆုံး မိမိ ဖုန်း  ( Model...ပြီးရင်.. ကိုတင်မည့်  ( version) အလိုက် သက်ဆိုင်ရာ ...နည်းပညာ ညီအစ်ကိုတွေ ဆိုဒ်ကနေ ဒေါင်းပါ

..1.ပြီးရင် မိမိဒေါင်းယူရရှိလာတဲ့ Official Firmware Zip file (or) Winrar ဖိုင်ကို Extract လုပ်ထားပါ။

2.ဖုန်းကိုပိတ်လိုက်ပါ။ ပြီးရင် Volume down+Home Button+Power Key သုံးခုကို တွဲနှိပ်ပြီး Download Mode ထဲကို ၀င်ပါ။ အောက်ကပုံအတိုင်း သင့်ရဲ့ဖုန်းမှာ Warning Message ပေါ်လာပါလိမ့်မယ်။

 
3.volume up ဖြင့်သွားပြီး Continue ကိုရွေးချယ်လိုက်လျှင် အောက်ကပုံ အတိုင်းပေါ်လာပါလိမ့်မယ်။

              

4. သင့်ရဲ့ဖုန်းကို ကွန်ပျူတာနှင့် USB ကြိုးဖြင့်ချိတ်ဆက်ပြီး အပေါ်မှ ဒေါင်းယူထားတဲ့ Odin v 3.09 ကို ကွန်ပျူတာမှာ Run လိုက်ပါ။ အောက်ကပုံအတိုင်း Odin ပေါ်မှ မျှားထိုးထားတဲ့နေရာမှာ အပြာနု လေးပေါ်လာပြီးဆိုရင်တော့ Firmware စတင်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ (မပေါ်သေးရင်တော့ မိမိဖုန်းနဲ့ ကွန်ပျူတာကို သေချာပြန်ချိတ်ပါ။)

5.အောက်ကပုံမှာ အနီဝိုင်းပြထားတဲ့ Ap နေရာမှာ အပေါ်က ဒေါင်းယူရရှိထားတဲ့ Firmware ဖိုင်ဖြည်ထားတဲ့ ဖိုင်ကို ထည့်ပေးပါ။

6.အဲဒါဆိုရင် သူဘာသူ့ Firmware တင်ဖို့ ဆက်လက်လုပ်ဆောင်နေပါလိမ့်မယ်။ အောက်ကပုံအတိုင်းပေါ်လာရင် အောင်မြင်စွာ သင့်ရဲ့ Firmware တင်လို့ ပြီးသွားပါပြီ။

7.အားလုံးတင်ပြီးသွားလို့် မိမိဖုန်းက Power ပြန်တတ်လာတဲ့အချိန်မှာ Samsung Logo မှာရပ်နေရင် ဖုန်းရဲ့Battery ကို ၅မီးနစ် လောက် ဖြုတ်ထားပြီး ပြန်တပ်ဖွင့်ပါ။

                                                   

8.အပေါ်ကအတိုင်းမှ ဖုန်းက Logo မှာဘဲထက်ရပ်နေတုန်းဘဲဆိုရင် Volume Up+Home Button+Power Keyသုံးခုတွဲပြီး Recovery Mode ထဲကို ၀င်လိုက်ပါ။ အောက်ကပုံအတိုင်း ပေါ်လာပြီဆိုရင် Volu
me ခလုတ်များဖြင့် အပေါ်အောက် ရွေ့ပြီး Wide Data/Factory Reset ကို Power key ဖြင့် ရွေးလိုက်ပါ။ Factory Resetတကြိမ်ချပြီးပြီဆိုရင်တော့ အောက်က ပုံအတိုင်းပြန်ပေါ်လာရင် Reboot system now ကိုရွေးချယ်ပြီး ဖုန်းကိုRestart ချလိုက်ပါ...ဖုန်းပြန် ပွင့်အလာစောင့်လိုက်ပါ...ပြန်တက်လာပြီဆိုရင်  ( Samsung Firmware ) ကို ( Odin3)
ကနေ  တင်နည်း ပြီးဆုံးပါပြီ...။

Mobile phone တွေရဲ့  hardware ပိုင်းကိုလေ့လာကြည့်ရင်

Mobile phone တွေရဲ့  hardware ပိုင်းကိုလေ့လာကြည့်ရင်အပိုင်း(၃) ပိုင်းလောက်
ခွဲခြားနိင်ပါတယ်။
(1) Active components
(2) Passive components
(3) UI user interface
တို့ ဖြစ်ပါတယ်။
Active components ဆိုတာကတော့ ဖုန်းတစ်လုံးမှာပါဝင်တဲ့
အိုင်စီတွေအားလုံးကိုပြောတာပါ။
အိုင်စီတွေမှာလဲ(၂)ပိုင်းထပ်ကွဲနေပါတယ်
Network section
Power section တို့ ဖြစ်ပါတယ်၊
Network section မှာဆိုရင် PA power amplifier ,wifi,blue tooth,fm ပိုင်း
တွေပါလာပါတယ်၊
PA ic ဟာ အင်တာနာကိုရိုက်ခတ်လာတဲ့ RF signal တွေကိုလိုအပ်တဲ့
လှိုင်းပမာဏရောက်အောင်ချဲ့ ထွင်ပေးပါတယ်၊ဒီအိုင်စီလေးတွေကို
အင်တာနာငုတ်လေးတွေရဲ့အနီးနားမှာတွေ့ ရပါတယ်။ထုထည်အားဖြင့်
တစ်ခြားအိုင်စီတွေထက်ပိုထူတာတွေ့ ရပါတယ်။
အများဆုံးတွေ့ ရတာက RF MD ရေးထားပါတယ်။
SAMSUNG LTE စံနစ်ပါဝင်တဲ့ဖုန်းတွေမှာဆို PA ic နှစ်လုံးနဲ့ အထက်ပါဝင်
ပါတယ်၊ LTE စံနစ်က 2000MHZ နဲ့ အထက်ကိုအသုံးပြုထားတဲ့ 4G စံနစ်ပါ။
တစ်ခါတစ်၇ံမှာ ဆင်းကပ်ကိုသိပြီးဖုန်းဆက်မ၇တာမျိုးကြုံဖူးမှာပါ၊
အဲဒီလိုဖြစ်၇င် PA ic ကိုအပူလေးနဲနဲ ပေးလိုက်ရင်ပြန်ကောင်းတတ်ပါတယ်။
ကျွန်တော်တို့  huawei c8813 တွေမှာ online update လုပ်လိုက်တဲ့အခါမှာ
build no ပြောင်းသွားပြီး no network error တက်သွားပါတယ်။
အဲဒါမျိုးဖြစ်ရင် build no အနိမ့်ပြန်ဆင်းပြီး network fix batfile လေးနဲ့ ပြန်
ဖြေရှင်းလို့ ရပါတယ်၊ c8813d မှာတော့ခုဏကနည်းနဲ့ အဆင်မပြေပါဘူး
RF MD ဆိုတဲ့ PA ic လေးကိုဖြုတ်ပြီးပြန်တတ်ကြည့်ပါ၊မရရင်အသစ်လဲပေး
လိုက်ရင်အဆင်ပြေသွားပါတယ်။
Power Management Unit PMU
PMU ကတော့ဗို့ အားပိုင်းဆိုင်၇ာကိုထိန်းချုပ်ပံ့ပိုးပေးပါတယ်။
Mother board ပေါ်မှာ ပါဝါအိုင်စီကိုအလွယ်တကူတွေ့ မြင်နိင်ပါတယ်။
ကွိုင်တွေ၊ကွန်ဒင်ဆာတွေဝန်းရံခြင်းထားရတဲ့တစ်ခုတည်းသောအိုင်စီ
လေးပါပဲ၊တစ်ချို့ မော်ဒယ်မြင့်ဖုန်းတွေမှာ pmu နှစ်လုံးထိပါဝင်ပါတယ်။
U2 icလို့ လဲခေါ်ပါတယ်၊ samsumg note2, ios5 နဲ့ အထက်ဖုန်းတွေမှာ
U2 ic တွေပါဝင်လာပါတယ်၊
အခုနောက်ပိုင်း ဖုန်းလောကမှာခေတ်စားလာတာကတော့ EMMC ic
ပါ။အမှန်မှာက emmc ဆိုတာandroid ဖုန်းတိုင်းမှာ မပါရင်မဖြစ်တဲ့ ic ပါ။
"Embedded Multi-Media Controller" ပါ။
အဲဒီ အိုင်စီထဲမှာ android os တစ်ခုလုံးကိုထည့်သွင်းထားတဲ့အပြင်
internal memory ထဲမှာပါဝင်တဲ့ photo,vedio,recording ,wallpaper,
အစရှိတဲ့ userdata တွေအားလုံးကိုသိမ်းဆည်းထားတဲ့အပိုင်းတွေပါ
ပါဝင်ပါတယ်၊ကွန်ပြူတာတွေမှာ system ကို C မှာ ထားပြီး D မှာတော့
Data တွေသိမ်းထားသလိုပါပဲ။ emmc တွေဟာ ROM read only
memory အမျိုးအစားဖြစ်တဲ့အတွက် power ဖြုတ်လိုက်လဲမပျက်သွားပါဘူး
ဖြုတ်လဲမယ်ဆိုလဲ အပူချိန်ကိုတော်တော်များများခံနိင်ရည်ရှိပါတယ်။
သူ့ အထဲမှာ မှတ်ထားတဲ့data တွေကတော့ပျောက်မသွားပါဘူး။
CPU ကတော့ဖုန်းထဲမှာလေးထောင့်ကြကြ အ၇ွယ်အားဖြင့်အကြီးဆုံး
အိုင်စီပါ ၊EMMC နဲ့ ကပ်လျက်တည်၇ှိပါတယ်၊သူ့ ကိုတော့
multi layer အနေနဲ့ ဖွဲ့ စည်းထားပါတယ်၊သူအထဲမှာ RAM အလွှာကို
ထည့်သွင်းတည်ဆောက်ထားတာပါ၊ဖုန်းတစ်လုံးလုပ်ဆောင်မှု မြန်ဆန်ဖို့ ဆိုရင်
CPU ရဲ့ clock speed နဲ့ ပါဝင်တဲ့ RAM ပမာဏပေါ်မှာမူတည်ပါတယ်။
ခုနောက်ပိုင်းဖုန်းတွေမှာတော့ Quard core cpu တွေနဲ့ ram 2gb တွဲဖက်
ပါဝင်လာပါတယ်၊ RAM ကို 3GB အထိ ထည့်သွင်းထားတဲ့ CPU တွေလဲ
ပေါ်နေပါပြီ။
BASEBAND ic ကတော့ x G626 ဆိုပြီးေ၇းထားတဲ့အိုင်စီလေးတွေအသုံးများပါတယ်။
ဖုန်းတစ်လုံးမှာဖုန်းဆက်ဖို့ အတွက်အေ၇းပါတဲ့အိုင်စီလေးပါ၊
EMMC ၇ဲ့အနီးနားမှာတွေ့ ၇တတ်ပါတယ်၊ဖုန်းတွေကို FIRMWARE အတင်အချလုပ်တဲ့
အခါမှာ Baseband ic မှာပါဝင်တဲ့ IMEI, အပိုင်းမှာသတ်မှတ်ထားတဲ့ coad တွေပြောင်း
သွားပြီးဖုန်းပြောလို့ မရတဲ့ပြစ်ချက်တွေအဖြစ်များပါတယ်၊
အဲဒီကုတ်တွေဟာ system ရဲ့ အောက်က efs ဆိုတဲ့ file ထဲမှာနေပါတယ်၊
official code အနေနဲ့  35xxxxxxxxxx နဲ့ စပါတယ်၊ တကယ်လို့ custom code
ဆိုရင်တော့ 0049xxxxxxxxx နဲ့ စပါတယ်။
efs အကြောင်းကိုအကျယ်တ၀င့်ဖတ်ချင်ရင်တော့ www.xda.com မှာသွားရောက်
လေ့လာနိင်ပါတယ်၊တကယ်တော့ဖုန်းသင်တန်းဆိုတာ အဓိကအချက်လေးတွေကိုပဲ
၂လ ပြတ်နဲ့ သင်ကြရတာ၊ကျန်တဲ့ဗဟုသုတနဲ့ နည်းပညာကတော့ online မှာပဲ
ရှာဖွေလေ့လာကြရမှာပါ၊ကျွန်တော်လဲဒီလိုပဲလေ့လာပါတယ်။
backlight ic ပိုင်းကတော့ ဖုန်းရဲ့အတွင်းမှန်မှာပေါ်လာမယ့်ရုပ်ပုံတွေကိုမြင်တွေ့ နိင်
အောင်အလင်းေ၇ာင်ပံ့ပိုးပေးတဲ့အပိုင်းပါ၊ဒီအပိုင်းမှာ bl coil ဟာအရေးကြီးဆုံးပါ၊
မီတာနဲ့ တိုင်းရင် ပြပေမယ့်၊သူ့ မှာရှိနေရမယ့် ဟင်နရီတန်ဖိုးကျဆင်းသွားရင်
အိုင်စီအတွက်လိုအပ်တဲ့ အမ်ပီယာကိုမရတော့ပါဘူး၊ဒီအခြေနေမျိုးဆိုရင်
bl ဗို့ ဟာမငြိမ်တော့ပဲတက်လိုက်ကျလိုက်ဖြစ်နေတတ်ပါတယ်၊မှိန်လဲမှိန်နိင်ပါတယ်။
diode လဲပြီးတာတောင်မရရင် coil ကိုလဲကြည့်ပါ၊နောက်ဆုံးမှအိုင်စီကိုလဲပါ။
ကျွန်တော်အချိန်ရရင်တော့ခုလိုပဲညီငယ်တွေအတွက်ဗဟုသုတရမယ့်
post လေးတွေတင်ပေးသွားပါ့မယ်၊အားလုံးပဲအဆင်ပြေကြပါစေ။

Wednesday, March 11, 2015

vivo y15 root မယ်

vivo y15 ကို root မယ် orginal မြန်မာစာပါပြီးသားဆိုပေမယ့်
တစ်ချို့app တွေက root လုပ်ထားမှမြန်မာစာမြင်ရမှာမို့
vivo y15 root နည်းလေးတင်ပေးလိုက်ပါတယ်

     ဒီမှာသွားဒေါင်းပါ

Online မှာငွေရှာနည်းကျွန်တော် Telenor 3000 ဘေကဒ်တစ်ခုထုတ်ထားပါတယ

PTC ဆိုဒ်တွေရဲ့သဘောအတိုင်း ကြောငြာလေးတွေကို ကြည့်ရပါမယ်။ဒီမှာ ကြော်ငြာတစ်ခု ကို ဆယ်စက္ကန့် ပေးပြီးကြည့်တာနဲ့  တစ်ကျပ်မှ တစ်ဆယ်အထိရနိုင်ပါတယ်။ဒီလိုနေ့စဉ်ကြည့်ပေးရမှာဖြစ်ပါတယ်။ပထမဆုံးအောက်ကလင့်ကနေ
သွားလိုက်ပါ။ မိမိအီးမေးလ်နဲ့ register လုပ်ပါ။ ဒါပြီးရင် ViewAdsဆိုတာကိုနှိပ်ပြီး
ကြေငြာတွေကိုနှိပ်ပြီး ကြည့်ရပါမယ်။ဆယ်စက္ကန့်နေအောင်ထားမှ ငွေရမှာဖြစ်ပါတ.ယ်ပြီးတော့ ခေါင်းပန်းလှန်ဂိမ်း
လပ်ကီးနံပါတ်ရွေးတဲ့ဂိမ်းတွေဆော့ပြီး ငွေရယူနိုင်ပါသေးတယ်။ကြေညာတွေကို
 နေ့စဉ်ကြည့်လာတာနဲ့အမျှ မိမိရငွေ များလာမှာဖြစ်ပြီး အနည်းဆုံး သုံးထောင်ရှိတာနဲ့ ငွေထုတ်ယူနိုင်ပါတယ်။ ငွေသားထုတ်ယူလိုရင်တော့ သုံးသောင်းပြည့်မှ ဘဏ်မှတစ်ဆင့်ထုတ်ယူနိုင်ပါတယ်။ ငွေသုံးထောင်ပြည့်တာနဲ့ထုတ်လိုရင်တော့ မိမိအလိုရှိရာ ဖုန်းငွေဖြည့်ကဒ်ကို ရယူနိုင်မှာဖြစ်ပါတယ် ။အသေးစိပ်ပါ MyanmarPTC ၀က်ဆိုဒ်မှာဖတ်နိုင်ပါတယ်။ ဒီတော့ ခု ပဲ Register လုပ်ပြီး ငွေရှာမယ်ဆို အောက်က လင့်ပေါ်နှိပ်လိုက်ပါလို့။ တစ်ခုတော့ရှိပါတယ် ဒီဆိုဒ်က Register လုပ်တာများလာရင် ခန ပိတ်ထားတတ်ပြီး မကြာခင်ပြန်ဖွင့်ပါတယ်။လောလောဆယ်ကျွန်တော် Telenor 3000 ဘေကဒ်တစ်ခုထုတ်ထားပါတယ်။

Register လုပ်ရန်

Sunday, March 8, 2015

မတ္တရာမြို့မှကြိုဆိုပါ၏

မတ္တရာမြို့မှကြိုဆိုပါ၏

လူတွေအထင်မှားနေကြတဲ့ မိုဘိုင်းလ်ဖုန်းနဲ့ ပတ်သက်တဲ့ ဗဟုသုတဖြစ်စရာ အချက်အလက်တေ

လူတွေအထင်မှားနေကြတဲ့ မိုဘိုင်းလ်ဖုန်းနဲ့ ပတ်သက်တဲ့ ဗဟုသုတဖြစ်စရာ အချက်အလက်တွေ
--------------------------------------------------------------------------
ယနေ့ခေတ်မှာ မိုဘိုင်းလ် ဖုန်းတွေဟာ ကျွန်ုပ်တို့ရဲ့နေ့စဉ်ဘ၀တွေ ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်လို့နေပါပြီ။ အဲဒီလို နေ့စဉ်ထိတွေ့နေရင်းက မိုဘိုင်းလ်ဖုန်း သုံးစွဲမှုကို စွဲလန်းငြိတွယ်လာပြီးတဲ့နောက် ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်မှာလည်း မိုဘိုင်းလ်ဖုန်းတွေရဲ့ ယုံမှားထင်မှတ်စရာ ဒဏ္ဍာရီတွေ ထွက်ပေါ်လာပါတော့တယ်။ ဒါကြောင့် မိုဘိုင်းလ်ဖုန်းတွေရဲ့ ယုံမှား ထင်မှတ်စရာ ဒဏ္ဍာရီတွေနဲ့ အမှန်တရားတို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဆဲလ်ဖုန်းတွေက ဦးနှောက်ကင်ဆာရောဂါဖြစ်စေနိုင်တယ်

ဆဲလ်ဖုန်းတွေက ဦးနှောက်ကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ ၁၉၉၀ ခုနှစ် ၀န်းကျင်ကနေ ၂၀၀၀ ပြည့်နှစ် ၀န်းကျင်အထိ ပြုလုပ်ခဲ့တဲ့ များပြားလှသော လွတ်လပ်တဲ့ လေ့လာမှုတွေဟာ ဆဲလ်ဖုန်းအသုံးပြုခြင်း နဲ့ ဦးနှောက် ကင်ဆာရောဂါဖြစ်ခြင်း ကြားက သက်သေကို မဖော်ပြနိုင်ခဲ့ပါဘူး။ RF Waves တွေနဲ့ ပတ်သက်ပြီး တော့သာ Hands-Free ကိရိယာ အသုံးပြုဖို့နဲ့ နားမှာ ကပ်ပြီးပြောဆိုမှုကို မိနစ် ၃၀ ထက် မကျော်လွန်စေဖို့ စသဖြင့် သတိပေးမှုတွေသာ ရှိပါတယ်။

၂။ ဖုန်းအားသွင်းနေတုန်း အသုံးပြုရင် ဖုန်းပေါက်ကွဲသွားလိမ့်မယ်

တစ်ကယ်တော့ သင်ဟာ အော်ရီဂျင်နယ် ဖုန်းအားသွင်းကြိုးကို အသုံးပြုပြီး ဖုန်းအားသွင်းထားချိန်မှာ ဖုန်းကို အသုံးပြုနေလို့တော့ ဘာမှမဖြစ်နိုင်ပါဘူး။ အခြား Third-Party လို့ သံသယဖြစ်နိုင်စရာ ဖုန်းအားသွင်းကြိုး တွေကို အသုံးမပြုဖို့ပဲ လိုတာပါ။

၃။ တောက်လျှောက်ဖုန်းအားသွင်းထားခြင်းဟာ ဘက်ထရီတွေကို ဆုံးရှုံးစေတယ်

ယနေ့ခေတ်ဖုန်းတွေကို စမတ်ဖုန်းလို့ခေါ်ရတဲ့ အကြောင်းအရင်း များစွာရှိပါတယ်။ ဖုန်းအားသွင်း ရင်း အားပြည့်သွားတဲ့အခါ ပါဝါ ဆပ်ပလိုင်းကနေ ဘက်ထရီကို အားပေးပို့ခြင်း အလိုလျောက် ရပ်နားပေးမှာပါ။ Li-ion ဘက်ထရီတွေဟာ ဘက်ထရီသက်တမ်း ကို အချိန်ကြာရှည်ရန်ပဲ ထိန်းသိမ်းပေးတာပါ။ လျှော့ချဖို့ မရှိပါဘူး။

၎။ Apps တွေအားလုံးကို ပိတ်လိုက်ရင် သင့်ဖုန်းဟာ လုပ်ဆောင်ချက်တွေ ပိုမြန်သွားမယ်

App တစ်ခုဟာ RAM ပမာဏ အနည်းငယ်ရှိပါမှ သုံးစွဲလို့ရတဲ့အတွက် Apps တွေ ပိတ်လိုက်ခြင်းနဲ့ RAM ပမာဏ ကိုရှင်းလင်းလိုက်ခြင်းဟာ သင့်ဖုန်းကို ပိုမြန်သွားစေနိုင်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်းတွေမှာက သင်ထွက်လိုက်တာနဲ့ ထို App ကို အလိုလျောက် ရပ်နားလိုက်စေမယ့် Built-in လုပ်ဆောင်ချက်တွေ ပါဝင်တဲ့အတွက် App တွေကို တစ်ကူးတစ်က ပိတ်နေစရာမလိုပါဘူး။

၅။ ဖုန်းနားမှာ သံလိုက်တစ်ခုရှိနေရင် ဖုန်းထဲက ဒေတာတွေ အားလုံးပျက်သွားလိမ့်မယ်

စမတ်ဖုန်းတွေဟာ သံလိုက်ဓါတ်ကို လက်ခံနိုင်တဲ့ SDD နဲ့ Flash Drive တွေပေါ်မှာ အလုပ်လုပ်ရတဲ့အတွက် ဒါဟာ မှားယွင်းပါတယ်။

၆။ Megapixels ပိုများခြင်းဟာ ပိုကောင်းတဲ့ ကင်မရာ ဖြစ်တယ်

Megapixel ဆိုတာ ဒစ်ဂျစ်တယ် ဓါတ်ပုံရဲ့ ဆိုက်ဇ်ပါ။ အရည်အသွေးမဟုတ်ပါဘူး။ အရည်အသွေးအတွက် ကတော့ ကင်မရာဆင်ဆာရဲ့ ဆိုက်ဇ်နဲ့ အမျိုးအစား ၊ သူ့ရဲ့ Processor တို့ပေါ် မူတည်ပါတယ်။

    Myadaya နည်းပညာ

အင်တာနက် အသုံးပြုပြီး ငွေရှာလိုကြသူများ ခင်ဗျားးး (မဖြစ်မနေ ဖတ်ပေးပါ)

Online ပေါ်မှာ အလကားနေ အလကား အချိန်ကုန်စေမယ့်အစား အကျိုးရှိတဲ့ဒီလို Online ကနေ
ပိုက်ဆံရှာလို့ ရတဲ့နေရာလေးတစ်ခုကနေ ပိုက်ဆံရှာလို့ ရအောင်သူငယ်ချင်းများအားလုံးကို ပြန်လည်
လမ်းညွှန်ပေးလိုက်တာပါ Online သုံးနေပြီး Chat နေ Q နေတာတွေထက်ဒါကအကျိုးရှိစေမှာပါ
Online ပေါ်မှာ PTC ဆိုက်တွေ အများကြီးရှိပေမယ့် တစ်ချို့ တွေက အတုတွေများပါတယ်
အမှန် အကန်ပေးတဲ့ဆိုက်တွေလဲရှိပါတယ် အဲ့ဒီထဲကနေမှ မြန်မာပြည်ကလုပ်ထားတဲ့
ကြော်ငြာကြည့်တဲ့ဆိုက်လေးတစ်ခုကိုတွေ့ ရှိထားလို့ ပြန်လည်ပြီးတော့  Share လုပ်ပေးလိုက်တာပါ။

ပြည်တွင်းဖြစ် PTC - paid-to-click ( အွန်လိုင်းကနေပိုက်ဆံရှာတဲ့ ) ဆိုက်လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ
အောက်ကဆိုက်လေးများဝင်ရောက်ကြည့်ရှု့လိုက်ပါတကယ်ပိုက်ဆံရပါတယ်ဗျာ

http://www.myanmarptc.com

Madaya နည်းပညာ

Tuesday, March 3, 2015

မင်္ဂလာပါ Telenor Service apk လေးပါ။ အင်တာနက်ဖွင့်၊ အင်တာနက်ပိတ်၊ လက်ကျန်ငွေစစ်ရန် Functionများ ပါဝင်ပါတယ်

မင်္ဂလာပါ
Telenor Service apk လေးပါ။
အင်တာနက်ဖွင့်၊ အင်တာနက်ပိတ်၊ လက်ကျန်ငွေစစ်ရန် Functionများ ပါဝင်ပါတယ်

                  Download

Sunday, January 18, 2015

Facebook မှာ အကောင့်ခိုးခံရတယ်၊ Hack ခံရတယ်ဆိုရင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေပါ.......

Facebook မှာ အကောင့်ခိုးခံရတယ်၊ Hack ခံရတယ်ဆိုရင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေပါ....... ပီးခဲ့တဲ့ ရက်ပိုင်းက ကျွန်တော့်အကောင့် ဟက်ခံလိုက်ရတုန်းက ဒီအတိုင်းပဲ ပြန်ယူလိုက်တာ ချက်ခြင်းပြန်ရပါတယ်.....

Try it.

၁)www.facebook.com/hacked ကိုဖွင့်လိုက်ပါ......

၂) “My Account is Compromised” ဆိုတဲ့ လင့်ကို နှိပ်ပါ....

၃) ကိုယ့် account နဲ့ Register လုပ်ထားတဲ့ အီးမေးလ် ဖြစ်ဖြစ် ဖုန်းနံပါတ် ဖြစ်ဖြစ် ဒါမှမဟုတ် Facebook မှာတင်ထားတဲ့ ကိုယ့်ရဲ့နာမည် အပြည့်အစုံ ထည့်ပြီး Search လုပ်ပါ.....

၎) ရှာတွေ့ရင် နဂို မူရင်း password ကို ထည့်လိုက်ပါ....

၅) မှန်တယ်ဆိုရင် Facebook ကနေ လုံခြုံရေးဆိုင်ရာ မေးခွန်းတစ်ချို့ မေးပီးတော့ account ကို Password ပြောင်းခိုင်းပါလိမ့်မယ်.... Continue နှိပ်ပါ.....

၆) Password အသစ်အား ပြန်ရိုက်ထည့်ပါ..... ၂ ခါရိုက်ထည့်ရပါမယ်...... ဒါဆိုရင် သူများ ခိုးသွားတဲ့ ဒါမှမဟုတ် Hack ခံလိုက်ရတဲ့ အကောင့်ထဲကို ပြန်ဝင်လို့ ရပါတယ်.....

တကယ်လို့ အကောင့်ကို ဖုန်းနဲ့ပါ လုံခြုံရေး ရယူထားရင်တော့ Password recovery လုပ်ချိန်မှာ ဖုန်းဘေးနားမှာ ရှိနေဖို့ လိုပါလိမ့်မယ်....

ဒါမှ ဖေ့ဘွတ်က ပို့ပေးတဲ့ SMS Verification Number ကို လက်ခံရရှိပီး ဆက်လုပ်လို့ရမှာပါ......

Delete all posts that insult 969 . You can delete the post that insult 969 by moving your mouse arrow to the right upper corner of post and you will see down arrow and then you click down arrow and you will see delete. Then click the delete. Your unwanted post will be deleted.
www.facebook.com/hacked

Wednesday, January 14, 2015

ဓါတ်ပုံတွေကိုရှယ်ပြုပြင်ပေးမယ့်ဆော့ဝဲလေး

ဓါတ်ပုံတွေကိုရှယ်ပြုပြင်ပေးမယ့်ဆော့ဝဲလေးလန်းမှလန်းနော်လိုချင်ရင်ယူသွားးးးးးးးးး
     
          DOWNLOAD

ဓါတ်ပုံတွေကိုဖြတ်ညှပ်ကပ်လုပ်မယ်ဆော့ဝဲလေး

ဓါတ်ပုံတွေကိုဖြတ်ညှပ်ကပ်လုပ်မယ်ဆော့ဝဲလေးအရမ်းလန်းဒယ်နော်ဖေ့ဘုတ်ကညီတစ်ယောက်တောင်းထားလို့တင်လိုက်ပြီ
    
            Wai Gyi
     
               ဒီမှာဒေါင်းပါ
   
    
                DOWNLOAD

Tuesday, January 13, 2015

Facebook သုံးစွဲသူဦးရေ ၃ သန်းရှိလာ✔

Facebook သုံးစွဲသူဦးရေ ၃ သန်းရှိလာ ကမ္ဘာ့လူသုံးအများဆုံး လူမှုရေးကွန်ရက်ဖြစ်သည့် Facebook ကို မြန်မာနိုင်ငံမှ အသုံးပြုသူဦးရေသည် ၃ သန်း ပြည့်ခဲ့ကြောင်း ပြည်တွင်းအခြေစိုက် အိုင်စီတီ ကုမ္ပဏီတစ်ခုဖြစ်သည့် Amara Digital Marketing Agency မှ သိရသည်။

မြန်မာနိုင်ငံ၏ Facebook သုံးစွဲသူဦးရေသည် ၂၀၁၃ ခုနှစ် သြဂုတ်လက တစ်သန်းသာ ရှိခဲ့ရာမှ တစ်နှစ်အတွင်း သုံးဆ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းရှိ Facebook သုံးစွဲသူ ၃ သန်းအနက် ၂.၈ သန်းသည် မိုဘိုင်းထုတ်ကုန်များပေါ်မှတစ်ဆင့် အသုံးပြုကြခြင်းဖြစ်ပြီး ကျန်အရေအတွက်မှာ ကွန်ပျူတာဖြင့် အသုံးပြုကြသူများ ဖြစ်သည်။ မိုဘိုင်းထုတ်ကုန် ၂.၈ သန်းအနက် Android ဖုန်းများမှတစ်ဆင့် အသုံးပြုသူ ဦးရေမှာ ၂.၆ သန်းရှိသည်။

Facebook သုံးစွဲသူ ၃ သန်းအနက် ၁.၈၆ သန်း (၆၂ ရာခိုင်နှုန်း) မှာ အမျိုးသားများဖြစ်ပြီး ၁.၀၈ သန်း (၃၆ ရာခိုင်နှုန်း) မှာ အမျိုးသမီးများဖြစ်သည်။ ကျန် ၂ ရာခိုင်နှုန်းမှာ နှစ်သက်ရာ လိင်အမျိုးအစားကို ရွေးချယ်ပြီး အသုံးပြုကြသူများ ဖြစ်သည်။ မြန်မာနိုင်ငံ၏ Facebook သုံးစွဲသူ ပမာဏသည် မိုဘိုင်းဖုန်းအသုံးပြုမှု မြင့်တက်လာပြီးနောက် တိုးတက်လာခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းမှ Facebook သုံးစွဲသူများအနက် အသက် ၂၀ မှ ၃၀ နှစ်ကြား သုံးစွဲသူဦးရေမှာ အများဆုံးဖြစ်ပြီး စုစုပေါင်း သုံးစွဲသူ အရေအတွက်၏ ၅၇ ရာခိုင်နှုန်းရှိသည်။ အသက် ၁၈ နှစ်အောက် အသုံးပြုသူဦးရေမှာ ၃၈၀,၀၀၀ ရှိသော်လည်း အသက် ၅၀ မှ ၆၅ နှစ်ကြား သုံးစွဲသူဦးရေမှာ အနည်းဆုံးဖြစ်ပြီး အသုံးပြုသူ ၈၈,၀၀၀ သာ ရှိသည်ဟု အထက်ပါ အေဂျင်စီမှ သိရသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံ၏ Facebook အသုံးပြုသူအရေအတွက် တစ်နှစ်ကျော်အတွင်း သုံးဆ မြင့်တက်လာခြင်း နှင့် ပတ်သက်၍ Amara Digital Marketing Agency မှ အမှုဆောင်အရာရှိချုပ် ဒေါ်ချမ်းမြေ့ခိုင်က

“စီးပွားရေးလုပ်ငန်းတွေ အတွက်တော့ Facebook မှာ သုံးစွဲမှုများလာတာဟာ အရောင်းမြှင့်တင်ရေး နယ်ပယ်တစ်ခု တိုးလာတာပါပဲ။ ပြည်တွင်းက လူတွေရဲ့ အကြိုက်ကို နားလည်ပြီး Social Media ကို ထိထိရောက်ရောက် သုံးနိုင်တဲ့ စီးပွားရေးလုပ်ငန်းက ပြိုင်ဘက်တွေထက် တစ်ပန်းသာပါတယ်” ဟု သုံးသပ်ပြောကြားခဲ့သည်
   
       Madaya နည်းပညာ

Facebook သုံးတဲ့အခါ messager app

Facebook သုံးတဲ့အခါ messager app ကိုအသုံးမပြုချင်တဲ့သူတွေအတွတ်ဒီဆော့ဝဲလေးသာကူးလိုက်အားလုံးအဆင်ပြေပြီ
          
       ဒီမှာဒေါင်းပါ
           
                 DOWNLOAD

www.madayawaigyi.blogspot.com

မတ္တရာနည်းပညာ

မတ္တရာနည်းပညာဝါသနာပါသူတွေအတွတ်နည်းပညာblog ကိုတော့ထောင်
လိုက်ပြီအောင်အောင်မြင်မြင်ဘဲလိုင်းမကောင်းတဲ့ကြားကနေနည်းပညာblogတစ်ခုတော့ရပြီဘာတွေဆက်လုပ်ရမလဲတော့မသိတော့ဘူးးးးး